အိန္ဒိယသမ္မတနိုင်ငံ၏ စတုတ္ထအကြိမ်အထောက်အပံ့ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့တွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပွင့်လင်းမြင်သာစွာ တင်ဒါ ဖွင့်လှစ်

 နေပြည်တော်၊ နိုဝင်ဘာ ၁၉  ရက်
    အိန္ဒိယသမ္မတနိုင်ငံ၏ စတုတ္ထအကြိမ် အထောက်အပံ့ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ကြီးကြပ်မှုဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆောင်ရွက်မည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါများခေါ်ယူခဲ့ပြီး ယနေ့ နံနက် (၁၀)နာရီ အချိန်တွင် တင်ဒါဖွင့်ပွဲအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တင်ဒါစိစစ်ရွေးချယ်ရေး ဗဟိုကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြသည်။
        ယနေ့ကျင်းပပြုလုပ်သော တင်ဒါဖွင့်ပွဲ၌ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့တွင် လမ်း/တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် Lot (၂၂) ခု၊ တိုင်းရင်းသားလုပ်ငန်းရှင် (ကုမ္ပဏီ) (၁၄၃)ခုတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံတော်သမ္မတရုံး၏ (၁/၂၀၁၇) လမ်းညွှန်ချက်နှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် ဖွင့်ဖောက်ပေးခဲ့သည်။