အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်ပံ့ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ  ၅
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာ၀န်ယူဆောင်ရွက်မည့် အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်ပံ့ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆောင်ရွက်မည့် လမ်း/တံတားနှင့် ပညာရေး တင်ဒါလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးအား (၅-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားတွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တင်ဒါ ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်း တင်ပြ ခဲ့သည်။ တင်ဒါရွေးချယ်ဆောင်ရွက်မှုအတွက် ကုမ္ပဏီပေါင်း (၉၄)ခုအား  (Profile) စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့သည့်အနက် အောင်မြင်သူ ကုမ္ပဏီ (၆၄)ခုအား အတည်ပြု စိစစ်ရွေးချယ် ခဲ့ကြောင်း သိရှိရသည်။

 

Post Paragraph