February 2017

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အီတလီနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အီတလီနိုင်ငံသံအမတ်ကြီး H.E. Mr. Pier Giorgio ALIBERTI သည် ယနေ့ညနေ (၄) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်              
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် (၂၀-၂-၂၀၁၇) ရက်နေ့မှ (၂၃-၂-၂၀၁၇) ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု ရိက္ခာများ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅ ရက်    
    နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုရိက္ခာများ (ဒုတိယအကြိမ်မြောက်) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နေ့လည် (၁) နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး (တောင်ကြီး) ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

standard