March 2019

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်အဖွဲ့ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် သွားရောက်ခြင်း

နေပြည်တော်၊ မတ် ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အဖွဲ့သည် နီပွန်ဖောင်ဒေးရှင်း၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ မတ်လ (၂၈) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့အထိ သွားရောက်ပြီး Education for Peace and Development စီမံကိန်းဆိုင်ရာ အခြေအနေများ၊ ဂျပန်နိုင်ငံရှိသက်မွေးပညာသင်တန်းကျောင်း Vocational Training School များနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးများကို သွားရောက်လေ့လာမည်ဖြစ်သည်။

standard

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် (JICA) တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ အဋ္ဌမအကြိမ် စီမံကိန်းပူးတွဲညှိနှိုင်းရေးကော်

နေပြည်တော် မတ်လ ၂၅
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅) နှစ် သက်တမ်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၏ အဋ္ဌမအကြိမ် စီမံကိန်း ပူးတွဲညှိနှိုင်းရေး ကော်မတီအစည်းအဝေး (8th JCC Meeting) အား ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမရဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်    မတ်   ၁၃         
        နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်လ (၁၂) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဇာဒက်ကြီးကျွန်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ၂၀၁၃-၂၀၁၄  ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဇာဒက်ကြီးကျွန်းပတ်လမ်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့်လမ်းပိုင်း ပြုပြင်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့သည်။

standard