November 2019

ကရင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူးက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့်အညီ စွမ်းစွမ်းတမံထမ်းဆောင်သွားကြရန် မှာကြားခဲ့ပြီး ကရင်ပြည်နယ်ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

standard

မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် ဘက်စုံဒေသဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ အဆောက်အဦများ ပြီးစီးခြင်း အခမ်းအနားကျင်းပပြုလုပ်

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း နိပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့ကူညီမှုဖြင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသော ဘက်စုံဒေသ ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ အဆောက်အဦများ ပြီးစီးခြင်း အထိမ်းအမှတ် အခမ်းအနားကိ

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မွန်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ (၂၅) ရက် နေ့လည်ပိုင်းတွင် မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။

standard