October 2020

ပူတာအိုမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့်တံတားများအားကွင်းဆင်းစစ်ဆေး

ပူတာအို အောက်တိုဘာ ၂၃

နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ် စပ်ဒေသများ လမ်းပန်ဆက်သွယ်ရေးကဏ္ဍကောင်းမွန်ရေးဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင် ဦးနှင့်အဖွဲ့၀င်များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် တံတားများအား အောက်တိုဘာ(၂၂)ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

standard