စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၁)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ် (၃၄)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၀၄) လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဆင်းပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် နယ်စပ်ဒေသကျေးလက်မြို့ပြနေ တိုင်းရင်းသူအမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၁-၂-၂ဝ၁၉ ရက်နေ့နံနက် ၉ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ အမှတ် (၅၁) ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်း တက်ရောက်မည့် သင်တန်းသူများ၊ စုစုပေါင်း (၃ဝဝ) ဦး တက်ရောက်ခဲ့ပါသည်။
    အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလမှာ (၁၁-၂-၂ဝ၁၉) မှ (၈-၃-၂ဝ၁၉) ရက်နေ့ထိ ရက်သတ္တပတ် (၄) ပတ်ကြာ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးပါက အထည်ချုပ် စက်ရုံများသို့ အလုပ်တာဝန်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။