ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၈) ပထမနှစ် သင်တန်းသား၊သင်တန်းသူများ အတည်ပြုရွေးချယ်

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၌ ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား အတည်ပြုရွေးချယ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

        ယခုပညာသင်နှစ်တွင် ဖွံ့ဖြိုးရေးတက္ကသိုလ်အတွက် ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ (၃၀၇) ဦးအား ပညာရေးဘွဲ့သင်တန်း (၅)နှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးသွားပါက ပညာရေးဘွဲ့အပ်နှင်း ပေးကာ ပညာရေးဝန်ကြီးဌာနတွင် အထက်တန်းပြနှင့် လစာနှုန်းတူ ရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်ပေးသွားမည်ဖြစ်သည့်အပြင် မဟာပညာရေးဘွဲ့ ဆက်လက်သင်ယူရန် အဆင့်မီသူများကိုလည်း လုပ်ငန်းခွင်အတွင်းမှပင် ဆက်လက်ပညာသင်ယူစေခွင့် ပေးလျက်ရှိကြောင်း သိရသည်။