ကျေးရွာချင်းဆက်လမ်း လမ်းသစ်ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

တွန်းဇံ  မေ ၂၁

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း လမ်းသစ်ဖောက်လုပ်နေမှု အခြေအနေကို ယမန်နေ့က မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးကျော်ဇင်အောင်က ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ရီမာဖောင်ဒေးရှင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကြာအိုလင်-ဒါရ်ခိုင်း(ဟ)-တာလ်အက် ကျေးရွာချင်းဆက်လမ်း အကျယ်(၂၉)ပေ၊ အရှည်(၄/၀)မိုင်အား ခွင့်ပြုရန်ပုံငွေ(၁၅၄.၉၆၈)ကျပ်သန်းဖြင့် လမ်းသစ်ဖောက် လုပ်နေမှု အခြေအနေ၊ ကြာအိုလင်-ဒါရ်ခိုင်း(ဟ)-တာလ်အက် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ  အမြင့် (၅) ပေ၊ အကျယ်(၅)ပေ၊ အရှည်(၂၆)ပေရှိ ရေထုတ်ပြွန်(၁၆)စင်းကို (၁၀၀.၈၅၄)ကျပ်သန်းဖြင့် ဆောင်ရွက်နေမှု အခြေအနေနှင့် ဒါရ်ခိုင်း(ဟ)ကျေးရွာလမ်းခွဲမှ ဘွန်လီကျေးရွာအထိ ကျေးရွာချင်း ဆက်လမ်း အကျယ်(၂၉)ပေ၊ အရှည်(၄/၀)မိုင်ကို (၁၅၄.၉၆၈)ကျပ်သန်းဖြင့် လမ်းသစ် ဖောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ၊ လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)