ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ

၂၀၁၆ ခုနှစ်၊ မေလ ၃၀
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၂)ကို သင်တန်းသူ (၁၀၁)ဦးဖြင့် (၃၀.၅.၂၀၁၆) ရက်နေ့၊ တနင်္လာနေ့၊ နံနက်(ဝ၈:ဝဝ) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

     သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသူ(၁ဝ၁)ဦး၊ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၆၄)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၂၉)နှင့် စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၉၄) တို့မှ သင်တန်းသား၊ သင်တန်းသူ(၁၄၀)ဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်း (၈၄) ဦး၊ စုစုပေါင်းအင်အား(၃၂၅)ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၃၀.၅.၂၀၁၆) ရက်နေ့မှ (၁၇.၆.၂၀၁၆) ရက်နေ့ထိ (  ၂ )ပတ် ကြာမြင့်မည် ဖြစ်ပါသည်။

Post Paragraph