ချီဖွေမြို့နယ်အတွင်းရှိ ကန့်ဖန့်ကျေးရွာအုပ်စု၊ မှီရှီတီကျေးရွာ၊ အဝင်တွင် (၁၆၀)ပေ နှစ်လွှာ တစ်ထပ်ဘေလီတံတား တည်ဆောက်မည့် စီမံကိန်းနေရာအား ကွင်းဆင်းစစ်ဆေး

ချီဖွေ အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကန့်ဖန့်ကျေးရွာအုပ်စု၊ မှီရှီတီ ကျေးရွာအဝင် ငေါ့ချမ်းချောင်းကူး (၁၆၀)ပေ နှစ်ထပ်ဘေလီတံတားကို နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်မည့် လုပ်ငန်းအား ချီဖွေမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် အဖွဲ့သည် အောက်တိုဘာလ (၁၇) ရက်နေ့ (၁၈) ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကန့်ဖန့်ကျေးရွာအုပ်စု ၊ မှီရှီတီကျေးရွာအဝင် ငေါ့ချမ်းချောင်းကူးတံတားသည် ချီဖွေမြို့နယ် ဖီမော်- ကန့်ဖန့်- လန်ဆယ်(၇၈) မိုင်လမ်းမှ ကန့်ဖန့်ရွာအထက် (၄) မိုင်အကွာ မှီရှီတီ ကျေးရွာအဝင်တွင် တည်ရှိပြီး ကချင်အထူးဒေသ(၁) NDAK လက်ထက်တွင် တည်ဆောက်ခဲ့ သော မျောတိုင်သစ်လုံးသစ်သားတံတားဖြစ်ပြီး ယခုအချိန်တွင် သစ်လုံး သစ်သားတံတားမှာ ဟောင်နွမ်းပျက်စီးနေသဖြင့် နှစ်ထပ်သံဘောင်ဘေလီ (၁၆၀) ပေ တံတားအသစ် အစားထိုးတည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါတံတားအား ဆောက်လုပ်ပြီးစီးပါက ဖြတ်သန်းအသုံးပြုနေရသည့် ငွါးဖခါး ကျေးရွာ အုပ်စုနှင့် ကန့်ဖန့်ကျေးရွာအုပ်စု ကျေးရွာပေါင်း(၁၀)ရွာ၊ အိမ်ထောင်စု(၂၇၆)စု၊ လူဦးရေ (၁၆၅၉) ဦးတို့အတွက် သွားလာရေး ပိုမိုအဆင်ပြေကာ ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူ ဖြစ်လာမည်ဖြစ်ကြောင်း တံတားတည်ဆောက်မည့် တည်နေရာနှင့် လက်ရှိအသုံးပြုနေသည့် ဒေသခံများနှင့် တွေ့ဆုံနွေးနွေးကွင်းဆင်းခဲ့ကြောင်း ချီဖွေမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။

##နန်းမြင့်