ကွတ်ခိုင်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

အောက်တိုဘာလ ၁၅

            နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကွတ်ခိုင်မြို့နယ်အတွင်း မြေလမ်း (၉) မိုင်၊ ကျောက်ချော လမ်း (၇) မိုင်၊ ကွန်ကရစ်တံတား (၃၀) ပေ (၁) စင်း၊ Box Culvert (၁၉) စင်း၊ ရေပြွန် (၂) စင်းနှင့် ဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်း (၃) ခုတို့အား ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၁၄၆၂.၁၇၅) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပါသည်။

            အဆိုပါ လုပ်ငန်းများအနက် အထက်ဗန်ငူး-မော်ဟန်လမ်း (၅/၀) မိုင်အနက် (၂/၀) မိုင် ကျောက်ခင်းခြင်းနှင့် ယင်းလမ်းပေါ်တွင် (၅×၅×၂၆) ပေ Box Culvert (၅) စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့မှာ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအားလုံး သတ်မှတ်စံချိန်စံညွှန်းများ အတိုင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။

            ယင်းကျေးရွာချင်းဆက် လမ်း ၊ တံတားနှင့် Box Culvertများ တည်ဆောက်ပေးခြင်းဖြင့် အဆိုပါ အထက်ဗန်ငူးကျေးရွာနှင့် မော်ဟန်ကျေးရွာများ၏ ဒေသခံပြည်သူလူထူများမှာ ကျေးရွာချင်း ဆက်လမ်းဖြင့် ကွတ်ခိုင်၊ ကောင်းခါး၊ တာမိုးညဲမြို့များသို့ လွယ်ကူစွာသွားလာနိုင်ပြီး နယ်စပ်ဒေသ များတွင်နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝ များစွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။