ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တက်လာစေရေးအတွက် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်း

နေပြည်တော် စက်တင်ဘာ ၂၉ ရက်
     ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တက်လာစေရေးအတွက် (က) စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည်ဝစေရေးနှင့် ဆင်းရဲနွမ်းပါးမှု ခန့်မှန်းခြင်း၊ (ခ) သုတေသနလုပ်ရန် တိုင်းတာသည့်နည်းလမ်းများ၊ (ဂ) စားနပ်ရိက္ခာဖူလုံမှု အခြေအနေကို တိုင်းတာခြင်းနှင့် စိစစ်ခြင်း၊ (ဃ) SPSS Software အသုံးပြု၍ တိုင်းတာရရှိသည့် အချက်အလက်များ စိစစ်ခြင်း၊ (င) ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ်၊ ကမ္ဘာရှိတည်နေရာပြ စနစ်နှင့် ကြိုးမဲ့တယ်လီဖုန်း အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်းသင်တန်းများအား ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းများအနက် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးဆိုင်ရာ သင်တန်းအား (၂၈-၉-၂၀၁၆) ရက်နေ့နှင့် (၂၉-၉-၂၀၁၆) ရက်နေ့ နံနက် (၀၉း၃၀) နာရီမှ (၁၁း၃၀) နာရီအထိ နယ်စပ်ရေးရာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။   

          အဆိုပါသင်တန်းသို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ Programme Officer ဖြစ်သူ ဦးသောင်းဌေးမှ လာရောက်ဆွေးနွေးပို့ချပေးခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ဝန်ထမ်း (၁၀) ဦး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း (၂၅) ဦး၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဝန်ထမ်း (၁၀) ဦး၊ စုစုပေါင်းဝန်ထမ်း (၅၀) ဦး တက်ရောက်ခဲ့ကြ ပါသည်။

Post Paragraph