ကုန်းကြမ်းမြို့နယ်အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဒီဇင်ဘာ ၄

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် တောင်ပေါ်ဒေသကျေးရွာများရှိ တိုင်းရင်းသားပြည်သူများ သွားလာရေးလွယ်ကူ မြန်ဆန်စေရေးအတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအား အလေးထား ဆောင်ရွက်ပေးခဲ့ရာ ကုန်းကြမ်းမြို့နယ် ရှောက်ကိုင်- ရီဟော်လင် - လုံထန် -  ရှင်းထန်လမ်း (၂၀/၀) မိုင်အား ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ မြေသားလမ်း (၂၀/၀) မိုင်နှင့် Box Culvert (၁၃) စင်းအား ဖောက်လုပ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

          အဆိုပါ မြေသားလမ်း (၂၀/၀) မိုင်အနက် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းအား ၂၀၁ -၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျောက်ချောလမ်း     (၁၁/၀) မိုင် ၃၀ပေ ကွန်ကရစ်တံတား (၁) စင်းနှင့် ရေပြွန် (၅) စင်းအား ခွင့်ပြုရန်ပုံငွေကျပ် (၁၂၀၈.၂၂၂) သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ယခု အဆိုပါလမ်းပိုင်းအနက် ကျန်ရှိသည့် မြေသားလမ်း (၉ /၀) မိုင်မှ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း (၁/၄) မိုင်နှင့် လိုအပ်သောနေရာများတွင် ၅'× ၅'×၂၆' Box Culvert (၄) စင်းအား ခွင့်ပြုရန်ပုံငွေကျပ် (၂၂၇.၇၇၀) သန်းဖြင့် လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။