လေရှီးမြို့နယ် မတူပီချောင်းကူးတံတား စတင်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

လေရှီး အောက်တိုဘာ ၉

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးဖြည့်စွက်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၃၁၅၀)ဖြင့် ပြည်သာဟိန်းကုပ္မဏီမှ တည်ဆောက်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ လေရှီးမြို့နယ် မတူပီချောင်းကူးတံတား(၁၀၀×၁၄)ပေအား အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီချိန်တွင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လင်း နှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများသည် လုပ်ငန်းပြီးစီးမှုရာခိုင်နုန်းနှင့် လုပ်ငန်းများ သတ်မှတ် စံချိန်စံနုန်းနှင့်အညီ အမြန်ပြီးစီးနိုင်ရေး စစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းမတူပီးချောင်းတံတားတည်ဆောက်ပြီးစီးပါက လေရှီးမြို့နှင့် ဆက်သွယ်သွားလာနိုင်သည့် ကျေးရွာ(၉)ရွာတွင်နေထိုင်သော ကျေးလက်နေပြည်သူများ၏ လူမှုဘဝအဖုံဖုံကို အကျိုးပြုနိုင်မည်ဖြစ်ပြီး တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

ခဘိုး

Post Paragraph