လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများသို့ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း

တွန်းဇံ ဇွန် ၂၂

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီးခိန်ဇန်ကျေးရွာတွင် ဆိုလာနှင့်ဆက်စပ်ပစ္စည်း (၂၂၀) စုံ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် တွီးခိန်ဇန်ကျေးရွာ အုပ်ချုပ် ရေးမှူးနေအိမ်တွင် ကျင်းပခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီးခိန်ဇန်ကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက်  ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအား ပေးအပ်လှူဒါန်းပေးခဲ့သည်။ အဆိုပါ ဆိုလာနှင့် ဆက်စပ် ပစ္စည်းများကို ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ခိုမန်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးကျော်ဇင်အောင်တို့က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများထံသို့ ပေးအပ် လှူဒါန်းပေးခဲ့ကြသည်။ တွန်းဇံမြို့နယ်၊ တွီးခိန်ဇန်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်း (၂၂၀)စုံအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အခမဲ့ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)