(က) |
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ဆောင်ရွက်မည်၊ |
(ခ) |
နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ရေးဆွဲဆောင်ရွက်မည်၊ |
(ဂ) |
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ အတည်ပြုချမှတ်ပေးထားသော နှစ်တို၊ နှစ်ရှည်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်၊ |
(ဃ) |
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်၊ |
(င) |
နယ်စပ်ဒေသများ၏ လူမှုစီးပွားဘဝ အခြေခံ အဆောက်အအုံများကို နှစ်အလိုက် စီမံကိန်းများဖြင့် တည်ထောင်ပေးမည်- |
|
(၁) လမ်း/တံတားလုပ်ငန်း၊ |
|
(၂) ရေရရှိရေးလုပ်ငန်း၊ |
|
(ကက) စိုက်ပျိုးရေရရှိရေး |
|
( ခခ) သောက်သုံးရေရရှိရေး |
|
(၃) လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ |
|
(ကက) ရေအားလျှပ်စစ် |
|
( ခခ) ဆိုလာစွမ်းအင်စနစ် |
|
(၄) သာသနာရေးလုပ်ငန်း |
|
(၅) ငြိမ်းချမ်းရေးအတွက် တည်ဆောက်မှုလုပ်ငန်း |
|
(ကက) လမ်း/တံတားလုပ်ငန်း |
|
( ခခ) ပညာရေးလုပ်ငန်း၊ |
|
( ဂဂ) ကျန်းမာရေးလုပ်ငန်း၊ |
|
(ဃဃ) အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း၊ |
(စ) |
နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သော တိုင်းရင်းသားလူငယ်များကို အခြေခံပညာအလယ်တန်းမှ အထက်တန်းအထိ အခမဲ့ ပညာသင်ကြား ပေးခြင်းများ ဆောင်ရွက်မည်၊ |
(ဆ) |
အခြေခံပညာ အထက်တန်း အောင်မြင်သည့် တိုင်းရင်းသား လူငယ်များကို ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် အဆင့်မြင့်ပညာများ သင်ကြားပေးခြင်းများ ဆောင်ရွက်မည်၊ |
(ဇ) |
နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အတူတကွနေထိုင်ပညာ ရှာမှီးရင်း တိုင်းရင်းသား အချင်းချင်း ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို နားလည်ရင်းနှီး ချစ်ကြည်စေပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲလာစေရန် ပြုစုပျိုးထောင်ပေးခြင်းများ ဆောက်ရွက်မည်၊ |
(စျ) |
နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အသိစိတ်ဓာတ်များ ကိန်းအောင်းစေရန် ပျိုးထောင်ပေးခြင်းများ ဆောင်ရွက်မည်၊ |
(ည) |
အဆင့်မြင့် ပညာရပ်များ တတ်မြောက်ပြီးချိန်တွင် ဝန်ကြီးဌာနအသီးသီး၌ တာဝန်ခန့်အပ်၍ မိမိဒေသ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေမည်၊ |
(ဋ) |
နယ်စပ်ဒေသရှိတိုင်းရင်းသူများကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးခြင်းနှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင် နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးမည်၊ |
(ဌ) |
နယ်စပ်ဒေသရှိ တိုင်းရင်းသားများကို စက်မှုလက်မှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် ဒေသတွင်း ကျွမ်းကျင်လုပ်သားများ ဖြစ်ထွန်းလာစေပြီး အသေးစားကုန်ထုတ် လုပ်ငန်းများနှင့် အသေးစားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်၊ |
(ဍ) |
ဖွံ့ဖြိုးရေးဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗဟုသုတပွားများစေရေး ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ချမှတ်ပေးခြင်းများ ဆောင်ရွက်မည်၊ |
(ဎ) |
တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသား လူမျိုးရေးရာ ကိစ္စရပ်များ ကို အလေးထားဆောင်ရွက်မည်၊ |
(ဏ) |
နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာထွန်းကားပြန့်ပွားရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်မည်၊ |
(တ) |
ဘိန်းစိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ထူထောင်ပေးခြင်းများ ဆောင်ရွက်မည်၊ |
(ထ) |
နယ်ခြားနယ်နိမိတ်ကျောက်တိုင်များ၊ အထိမ်းအမှတ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ဆောင်ရွက်မည်၊ |
(ဒ) |
နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်မည်။ |