(က)

နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို ထိန်းသိမ်းရန်၊

(ခ)

တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊

(ဂ)

နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊

(ဃ)

တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကို မြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်၊

(င)

နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာထွန်းကားပြန့်ပွားစေရန်၊

(စ)

တိုင်းရင်းသားလူငယ်များ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရန်၊

(ဆ)

တိုင်းရင်းသားလူငယ်များ မိမိဒေသ၏ ဖွံ့ဖြိုးရေးတာဝန်များကို အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်စေရန်၊