မိုင်းရယ်မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများအား ကျောက်ချောလမ်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁      

            နယ်စပ်ရေးရာဝန်ကြီးဌာနမှ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ လမ်းပန်း ဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အဓိကကျသော လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ ပါသည်။

          ထိုသို့ လမ်းပန်းဆက်သွယ်မှုကောင်းမွန်မြန်ဆန်စေရေးအတွက် နယ်စပ်ဒေသအသီးသီးရှိ ကျေးရွာချင်းဆက်မြေသားလမ်းများအား ကျောက်ချောလမ်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်မြေသား လမ်းများအား  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျောက်ချောလမ်း (၄/၀)မိုင်နှင့် ဗြုန်းကျောက်ခင်းခြင်း (၅/၆) မိုင်အား ခွင့်ပြုရန်ပုံငွေကျပ် (၇၅၂.၄၆၀) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများအားလုံး၏  (၅၀ %) ခန့် ဆောင်ရွက်ပြီး စီးနေပြီး အဆိုပါကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းခွင်များသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများမှ (၂၉-၁-၂၀၂၁) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အလေးထားဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။