မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်အပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း မြေသားလမ်း (၆/၆) မိုင်နှင့် (၆၀’×၂၄’×၁၅’) သံကူကွန်ကရစ် တံတားဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၇ ရက်

     မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်အပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီး မြို့နယ်၊ ရန်နွေး− မွန်းကိုင်လင်− ကံ့ကော်ကုန်း− ဘန်းကုလား− ကော်လကန် မြေသားလမ်း (၆/၆) မိုင်နှင့် ကျောက်စရစ်ချောင်း (၆၀’×၂၄’×၁၅’) သံကူကွန်ကရစ် တံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၅)နာရီတွင် အဆိုပါလမ်း၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ လေရှီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

     အခမ်းအနားအစီအစဉ်အရ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများမှ မြေလမ်းနှင့် ကွန်ကရစ် တံတားတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

     နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်အပံ့ ရန်ပုံငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လမ်း/တံတားလုပ်ငန်း (၁၄)ခု၊ ပညာရေးလုပ်ငန်း (၆)ခု၊ ကျန်းမာရေးလုပ်ငန်း (၁)ခု စုစုပေါင်းလုပ်ငန်း(၂၁)ခုအား ခွင့်ပြုငွေ (၃၁၇၁.၈၃၅) ကျပ်သန်းဖြင့် အကောင်အထည်