နာဂဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် (၆၃၈.၈၂၀) သန်းဖြင့်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

လဟယ် အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေ ကျပ် (၆၃၈.၈၂၀)သန်းဖြင့် လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး(၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကြောင်းသိရပါသည်။

အအဆိုပါလုပ်ငန်းများတွင် မြေသားလမ်း(၂၃)ပေအကျယ် (၄/ဝ)မိုင် ၊ ကျောက်ချောလမ်း (၁/ဝ)မိုင်၊ Box Culvert(၁၃)စင်း၊လဟယ်အ.ထ.ကကျောင်းဆောင် (၉၀×၃၀)Steel Structure (၂)ထပ်ကျောင်းဆောင်(၁) ဆောင်၊ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်း ဆောက်လုပ်ရန် ထောက်ပံ့ခြင်း၊ ဂိတ်တံခါး(၂)ခုဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများဖြစ်ကြောင်း သိရပါသည်။

     ၎င်းအပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဗဟို) နှင့် သီလရှင်ကျောင်းတို့ကို ဆွမ်းဆန်(၁၀)အိတ်နှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လဟယ်)မှ ခေတ္တဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းထံမှ သိရသည်။

ပါမင်းလှိုင်(ပြန်/ဆက်)

Post Paragraph