နာဂဒေသ၊ လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည် ထောင်စုနယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံ ငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့နယ် ခန္တီး-တိန်အင်း-လက်ပံသာ-မှန်ပင်-ကောင်းမှု-ဖောင်ဆိုင်-ပဒူးမုန်း ရွာသစ်လမ်း (၄၀/၀)မိုင် ရှိသည့် အနက် (၅/၀)မိုင် မြေလမ်းဖောက်လုပ် ခြင်းလုပ်ငန်းနှင့် ရေပြွန်တံတား လေးစင်း တည်ဆောက်ခြင်းလုပ်ငန်း များ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းအား နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ မြေလမ်း(၁၅/၀)မိုင်ဆောင်ရွက် ပြီးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင်လည်း မြေလမ်း(၅/၀)မိုင် ဆက်လက်ဖောက်လုပ်သွားမည် ဖြစ် သောကြောင့် ဒေသခံကျေးရွာများ တွင် နေထိုင်ကြသော ပြည်သူလူထု အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်လာသောကြောင့် ကျေးရွာ များ အချိန်တိုအတွင်း ဆက်သွယ် သွားလာနိုင်မည်ဖြစ်၍ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာ ကိစ္စရပ်များအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

သီဟစည်သူ