ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် နိပွန်ဖောင်ဒေးရှင်း (ရန်ကုန်) ရုံးမှ Deputy Head of Office အား လက်ခံတွေ့ဆုံ

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား နိပွန်ဖောင်ဒေးရှင်း (ရန်ကုန်)ရုံး မှ Deputy Head of office ဖြစ်သူ Mr. Kentaro Ogiue နှင့် အဖွဲ့က ယနေ့နေ့လည် (၁၃:၀၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။ ထို့သို့တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ဘက်စုံဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း၏ အပြီးသတ် အစီရင်ခံစာပေးပို့ရေးကိစ္စနှင့် ထပ်မံဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

Post Paragraph