နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆိုလာ၊ အင်ဗာတာ၊ မီးချောင်းနှင့် မီးလုံး ပစ္စည်းအစုံထောက်ပံ့

နန်းယွန်း ဇွန် ၁၄

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ ကျေးရွာများကို ဆိုလာ ၁၃၇ ချပ်၊ အင်ဗာတာ ၁၃၇ ခု၊ မီးချောင်း ၁၃၇ ချောင်းနှင့် မီးသီး ၂၇၄ လုံးကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို နန်းယွန်းမြို့နယ်အတွင်း ကားရော်ကုန်ရှေ့ကျေးရွာ အတွက် ဆိုလာ ၅၁ ချပ်၊ အင်ဗာတာ ၅၁ ခု ၊ မီးချောင်း ၅၁ ချောင်းနှင့် မီးသီး ၁၀၂ လုံး တို့ကိုလည်းကောင်း၊ ကဲဆန်လုံခေါင်းကျေးရွာ အတွက် ဆိုလာ ၈၆ ချပ်၊ အင်ဗာတာ ၈၆ ခု၊ မီးချောင်း ၈၆ ချောင်းနှင့် မီးသီး ၁၇၂ လုံးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဦးကိုင်သထံမှ သိရသည်။

     အလားတူ ကားရော်ကုန်ရှေ့ကျေးရွာနှင့် ကဲဆန်လုံခေါင်းကျေးရွာများရှိ အိမ်ခြေ ၁၃၇ အိမ်တို့ကို ဆိုလာ၊ အင်ဗာတာ၊ မီးချောင်းနှင့် မီးသီးများကို ဇွန် ၁၃ ရက်က ပစ္စည်းအစုံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

မွှေးကြူဇင် (မုံရွာကိုယ်ပွား)