နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များအတွက် သီတဂူဆရာတော်ဘုရားကြီးမှလှူဒါန်းသည့် အခြေခံ လူသုံးကုန် ပစ္စည်းများလွှဲပြောင်းပေးအပ်

မင်းတပ်  ဇွန်  ၁၈

မင်းတပ်မြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ သီတဂူဆရာတော်ဘုရားကြီးက ပေးပို့လှူဒါန်းသော အဝတ်အထည်နှင့် အခြေခံလူသုံးကုန်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမှတ်(၂) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

"ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေတဲ့ ကာလအတွင်း ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ်တွေအတွက် အခက်အခဲလျော့နည်းစေဖို့ သီတဂူဆရာတော်ဘုရားကြီးက ထောက်ပံ့လှူဒါန်းတာ ဖြစ်ပါတယ်" ဟု ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးရမ်ဟေးက ပြေကြားခဲ့သည်။

အဆိုပါ ထောက်ပံ့လှူဒါန်းသည့် အခြေခံလူသုံးကုန် ပစ္စည်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ၍ မင်းတပ်မြို့နယ် အတွင်းရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးကျောင်း အမှတ်(၁)၊ အမှတ်(၂)၊ ဘောင်ရွာ၊ ရိုရွာနှင့် ရမ်ပန်းရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)