နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် (JICA) တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ အဋ္ဌမအကြိမ် စီမံကိန်းပူးတွဲညှိနှိုင်းရေးကော်

နေပြည်တော် မတ်လ ၂၅
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅) နှစ် သက်တမ်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၏ အဋ္ဌမအကြိမ် စီမံကိန်း ပူးတွဲညှိနှိုင်းရေး ကော်မတီအစည်းအဝေး (8th JCC Meeting) အား ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမရဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
    အဆိုပါ အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် JICA မြန်မာရုံးမှ Chief Representative ဖြစ်သူ Mr. Masayuki KARASAWA တို့မှ အမှာစကားများ ပြောကြားခဲ့ပြီး စီမံကိန်း၏ ကျွမ်းကျင်ပညာရှင်များနှင့် တွဲဖက်ဝန်ထမ်းများမှ ကဏ္ဍအလိုက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေး တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။
    အစည်းအဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Post Paragraph