နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် (JICA)တို့ ပူးပေါင်း၍ ဆောင်ရွက်လျှက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ သတ္တမအကြိမ် စီမံကိန်းပူးတွဲညှိနှိုင်းရေးကော်

နေပြည်တော် နိုဝင်ဘာလ ၆
    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅) နှစ် သက်တမ်းဖြင့် ဆောင်ရွက်လျှက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း၏ စီမံကိန်း အပြီးသတ် ဆန်းစစ်အကဲဖြတ်မှု မစ်ရှင် (Terminal Evaluation Mission) ဆောင်ရွက်ခဲ့မှု အခြေအနေ၊ တွေ့ရှိချက်များအား ရှင်းလင်းတင်ပြသည့် စီမံကိန်း ပူးတွဲညှိနှိုင်းရေး ကော်မတီအစည်းအဝေး (JCC Meeting) အား ယနေ့ နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမရဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
    အဆိုပါ အစည်းအဝေးတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် JICA မြန်မာရုံးမှ Senior Representative ဖြစ်သူ Mr. Kotaro NISHIGATA တို့မှ အမှာစကားများ ပြောကြားခဲ့ပြီး Terminal Evaluation Mission အဖွဲ့မှ စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအား ဆက်စပ် ပတ်သက်မှုရှိခြင်း (Relevance)၊ အကျိုးရှိမှု (Effectiveness)၊ ထိရောက်မှု (Efficiency)၊ အကျိုးသက်ရောက်မှု (Impact)၊ ရေရှည် တည်တံ့မှု (Sustainability) စသည့် စံနှုန်းများ အပေါ် မူတည်၍ ကဏ္ဍအလိုက် စီမံကိန်း လုပ်ငန်းများအား ဆန်းစစ် အကဲဖြတ်မှု ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
    အစည်းအဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Post Paragraph