နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ချင်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၈    
          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် (၄-၂-၂၀၁၉)ရက်နေ့မှ (၆-၂-၂၀၁၉)ရက်နေ့အထိ ချင်းပြည်နယ်(တောင်ပိုင်း)၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက် မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် (၄-၂-၂၀၁၉)ရက်နေ့တွင် မင်းတပ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(အသစ်) တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (မင်းတပ်-၁)သို့ ရောက်ရှိကာ ကျောင်းသား/သူများနှင့် ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပြီးခဲ့ပါသည်။ ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (မင်းတပ်)၌ သင်တန်းသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် (၅-၂-၂၀၁၉)ရက်နေ့တွင် တတိယအကြိမ် အိန္ဒိယနိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် မင်းတပ်မြို့နယ်၊ ဝမ္မသူး-ဝကောက် မြေလမ်း(၆/၀)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် Box Culvert (၃၆)စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့အား လည်းကောင်း၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မင်းတပ်မြို့နယ်၊ မင်းတပ်-စွန်တောင် မြေလမ်း (၂/၀)မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းနှင့် မင်းတပ်-မတူပီလမ်း (၂၂/၀)မိုင်မှ ဘောင်-ပြုံး-ရိုကြား မြေလမ်း (၇/၀)မိုင် ဖောက်လုပ်ပြီးစီးမှု အခြေအနေအား  ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများသတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးတို့အား မှာကြားခဲ့ပါသည်။
    (၆-၂-၂၀၁၉)ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မင်းတပ်မြို့နယ်၊ ချိချောင်း-ပူကွန်း-မဒပ် မြေလမ်း (၂/၀)မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းနှင့် ကန်ပက်လက်မြို့နယ်၊ ဘောင်ဘင်-ရင်းကဲ မြေလမ်း (၅/၀)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

Post Paragraph