နယ်စပ်ဒေသတိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ဧပြီလ ၂၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၁) ကို ယနေ့နံနက် ၁၀:၀၀ နာရီမှ နေ့လည်ပိုင်းထိ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးရေး တက္ကသိုလ် ခေတ္တ ပါမောက္ခချုပ်၊ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ညွှန်ကြားရေးမှုးများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လာမည့် မေလ ၅ ရက်နေ့တွင် တက္ကသိုလ်/ ဒီဂရီကောလိပ်များ၏ ပါရဂူတန်း၊ မဟာတန်းနှင့် နောက်ဆုံးနှစ်သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ COVID-19 စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်မှု များအား ပြီးစီးအောင် ဆောင်ရွက်ထားရန်လိုကြောင်း၊ အလားတူ ဇွန်လဆန်းတွင် အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကိုလည်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင် ရမည်ဖြစ်ကြောင်း၊  မူလကပင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ ပိုမိုပြည့်စုံ ကောင်းမွန်အောင် စီမံဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်ဆေးများကိုလည်း ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ထိုးနှံပြီးစီးရေး ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ၊ အားကစား ပစ္စည်းများ၊ Fitness ပစ္စည်းများ ဖြည့်ဆည်းပေးထားပါကြောင်း၊ ကျောင်းသား/ ကျောင်းသူ များအနေဖြင့် ကျန်းမာကြံ့ခိုင်အောင် အားကစားတစ်မျိုးကို မဖြစ်မနေကစားရမည် ဖြစ်သည့်အပြင် မြန်မာ့ရိုးရာသိုင်းပညာကိုလည်း ထည့်သွင်းသင်ကြားသွားရန်ဖြစ်ပါကြောင်း။

    ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျောင်းများအလိုက် ခွင့်ပြုထားသော တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝပြီး အချိန်မီပြီးစီးရန်လို ကြောင်း၊ တည်ဆောက်ပြီး အဆောက်အဦများ ရေရှည်အသုံးပြုနိုင်အောင် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စနစ်တကျ ထိန်းသိမ်းအသုံးပြုကြရန် လိုအပ်ကြောင်း မှာကြားသည်။
    ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို အကျဉ်းချုပ်ရှင်းလင်း တင်ပြပြီး ခေတ္တပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင် ဦးစီးမှူးများက သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက အသင့်ဖြစ်စေရေး ကြိုတင် ပြင်ဆင်ထားရှိမှုများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများကို Online စနစ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်းတို့၌ တက်ရောက်ဆဲ သင်တန်းသား/သင်တန်းသူ ၄၁၅၆ ဦး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် တက်ရောက်ဆဲ သင်တန်းသား/ သင်တန်းသူ ၅၂၂၉ ဦးတို့အား သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်းသိရသည်။

video-upload