နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် (ကတ္တရာ၊ ဆိုလာမီးတိုင်၊ 100W ဆိုလာ၊ ကွန်ပျူတာ၊ ဘေလီသံဘောင်) တင်ဒါဖွင့်ပွဲအခမ်းအနားများကျင်းပပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်   (ကတ္တရာ - ၁၀၀၀တန်၊ ဆိုလာမီးတိုင် - ၆၀၀တိုင်၊ Computer + Printer + UPS အပါအဝင် တွဲဖက်အသုံးပြုရန် မီးစက် - ၂၀၀ စုံ၊ ဘေလီသံဘောင် - ၂၀၀ ပေ၊ 100W ဆိုလာ - ၁၀၀၀စုံ) တင်ဒါဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉:၃၀) အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
    ရှေးဦးစွာ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင် မှ တင်ဒါခေါ်ယူ ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
    ဆက်လက်၍ တိုင်းရင်းသားကုမ္ပဏီများမှ တင်ဒါအဆိုပြုဈေးနှုန်းများအား သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ယှဉ်ပြိုင်ခဲ့ကြသည်။

 

Post Paragraph