နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Solar တင်ဒါ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မေ ၃
          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Solar တင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသားတိုင်းရင်းသား လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
          ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်မှ တင်ဒါခေါ်ယူရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
          ဆက်လက်၍ တိုင်းရင်းသားကုမ္ပဏီများမှ တင်ဒါအဆိုပြုဈေးနှုန်းများအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ယှဉ်ပြိုင်ခဲ့ကြသည်။
          အဆိုပါ 100W Solar (၂၁၀၄) စုံအား ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ တပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။

 

Post Paragraph