နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများလိုက်ပါ လျက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား (၈-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
    ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် လားရှိုးမြို့နယ်၊ မန်ကောင်း (မုန်းယင်း) ကျေးရွာအုပ်စုရှိ ဟိုခို၊ ပန်ကောင်းမှူး၊ ပန်လျှော်၊ မိုင်းလင်းနှင့် နမ့်မော်ကျေးရွာများ မီးလင်းရေးစီမံချက်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ  ဆိုလာ (၃၆၀)စုံ ကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာကိုယ်စားလှယ်များနှင့် ရွာသူ/ရွာသားများက လက်ခံရယူခဲ့ကြသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သိန်းနီမြို့နယ်၊ စယ်အူ-နမ့်ခိုက် ကျေးရွာချင်းဆက် လမ်း (၁၀/၀) မိုင်အနက် (၁/၀) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း၊ နားကုန်း-ဟိုဆော် (၄/၀) မိုင်အနက် (၁/၀) မိုင်ကျောက်ခင်းလုပ်ငန်း၊ နမ့်စလပ်-ဟိုနား ကျေးရွာချင်း ဆက်လမ်း (၄/၀) မိုင်အနက် ကျန် (၃/၀) မိုင် အပြီးသတ်ကျောက် လမ်းခင်းခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးက နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်း/တံတားလုပ်ငန်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်းနှင့် အညီ ရေရှည်တည်တံ့ ကောင်းမွန်စေရေးနှင့် ဒေသခံပြည်သူများမှလည်း လမ်း/တံတားများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးရေးတို့ကို မှာကြားခဲ့ကာ လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph