နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား အမေရိကန်သံရုံး၏ ဒုတိယအကြီးအကဲ ဖြစ်သူ Mr.George Sibley လာရောက်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာလ ၁၅ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား အမေရိကန်သံရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Mr.George Sibley မှ ယနေ့နံနက်(၁ဝ)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

     ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် မောင်တော ဒေသ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသည့် ဒေသခံပြည်သူ များ ပြန်လည်နေထိုင်ရေး၊ စားဝတ်နေရေးနှင့် လုံခြုံရေး အကာအကွယ် စောင့်ရှောက်မှု အခြေအနေများ၊ လတ်တလောလိုအပ်ချက်အရ စားသောက်နေထိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များ၊ စားနပ်ရိက္ခာများအား ရဟတ်ယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ် များဖြင့် လက်ဝယ်အရောက် လှူဒါန်းထောက် ပံ့ပေးနေမှု အခြေအနေများ၊ အကြမ်း ဖက်မှု ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အခြေခံအဆောက်အဦများအား ပြန်လည်ပြုပြင် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရနှင့်အတူ ထောက်ပံ့ကူညီမှုများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။