နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား Otsuma Women’s University မှ ဒုတိယဥက္ကဌဖြစ်သူ Professor Seiji OSAWA နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်အား ဂျပန်နိုင်ငံ၊ Otsuma Women’s University မှ ဒုတိယဥက္ကဌဖြစ်သူ Professor Seiji OSAWA နှင့်အဖွဲ့သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ Otsuma Women’s University မှ ပညာရှင်များ နှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်မှ ပညာရှင်များပေါင်းစပ်ပြီး ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေး၊ ကိုယ်ခန္ဓာ ကြီးထွားမှုနှုန်းထား၊ ကြံ့ခိုင်သန်စွမ်းမှုဆိုင်ရာကဏ္ဍတွင် သုတေသနပြုနေမှု အခြေအနေ များ၊ တက္ကသိုလ်ပြတိုက်ကို အဆင့်မြှင့်တင်ရေးကိစ္စရပ်များ၊ နယ်စပ်ဒေသများတွင် နေထိုင်ကြီးပြင်း သည့် လူငယ်များ၏ လူမှုဘဝတိုးတက်ဖြစ်ထွန်းမှု နှင့် နေထိုင်ရှင်သန်မှုများဆိုင်ရာ သုတေသန စာတမ်းများ ပြုစုနေမှုအခြေအနေများ၊ နောင်တွင်တက္ကသိုလ်နှစ်ခု ပိုမိုပူးပေါင်း၍ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေး၊ သုတေသနများပိုမိုဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။