နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (BAJ အဖွဲ့) တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော်၊ သြဂုတ် ၂၁
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (BAJ အဖွဲ့) တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၁) သန်းဖြင့် စာသင် ကျောင်း (၈၀) ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်း အနားအား ယနေ့နံနက် (၉) နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကားပြော ကြားပြီး နိပွန်ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori က နားလည်မှု စာချွန်လွှာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ နိပွန်ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori နှင့် BAJ အဖွဲ့မှ Country Representative ဖြစ်သူ Ms. Akiko Mori တို့မှ စာသင်ကျောင်း (၈၀) ဆောက်လုပ်ခြင်း  စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြပါသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နိပွန် ဖောင်ဒေးရှင်းနှင့် BAJ အဖွဲ့တို့မှ Executive Director များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။