နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၀
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် (၁၇-၂-၂၀၁၉) ရက်နေ့မှ (၁၉-၂-၂၀၁၉)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် (၁၇-၂-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် လေရှီးမြို့နယ်၊ ပန်ဆပ်-အိန္ဒိယ မြေသားလမ်း (၆/၄)မိုင်ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ ဆွမ္မရာမြို့တွင်းလမ်းရှိ Box Culvert (၇)စင်း တည်ဆောက်ခြင်း လုပ်ငန်းအား လည်းကောင်း၊ မိုပိုင်းလွတ်-ဆွမ္မရာလမ်းနှင့် ဆွမ္မရာ-တဇုံးလမ်းအား ကြည့်ရှုစစ်ဆေး ခဲ့သည်။
     ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် (၁၈-၂-၂၀၁၉)ရက်နေ့တွင် လေရှီးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၌ နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့သည်။ ယင်းနောက် လေရှီး-ပန္နဲကုန်း-အမိမီ မြေသား လမ်း(၃/၆)မိုင်အားလည်းကောင်း၊ လေရှီးမြို့ရှောင်လမ်းကျောက်ခင်းခြင်း (၁/၄)မိုင်အား လည်းကောင်း၊ လေရှီး-ဂျီလာ-သာယာမြေသားလမ်း (၁၀/ဝ)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်း အားလည်းကောင်း၊ အိန္ဒိယနိုင်ငံအထောက်အပံ့ဖြင့် ရန်နွေး-ဝမ်းဘဲရွာဟောင်း မြေသား လမ်း (၃/၆)ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် မြေသားလမ်း(၂/၄)မိုင်ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ(၁၂)လတွင် မြေသားလမ်း(၅/ဝ)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး နှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီစေရေးတို့အတွက်  လမ်းညွှန်မှာကြားခဲ့သည်။
    ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် (၁၉-၂-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ (၁၂)လတွင် ဆောင်ရွက်လျက် ရှိသည့် ထုံမာဟဲ - ဟူနောင် ကျောက်လမ်း (၃/ဝ)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph