နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဧပြီလ၂၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊  ပုလော၊ မြိတ်၊ ကျွန်းစု မြို့နယ်များရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက်စစ်ဆေးရန်အတွက် ဧပြီလ ၂၉ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်ဇေယျနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်( ၁) ဗိုလ်မှူးကြီးကျော်ဇေယျနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကင်းပွန်းချောင်း - ပေါက်ပင်ကွင်း - မလွှဲတောင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အတက်အဆင်းကြမ်းသည့် နေရာများ၌ ၁/၂.၄ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ၃၀ ပေ တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ ၁၂၀ ပေ တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ၁၀ ပေ တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ရာဖူး-စိန်ဘုံလမ်း ၅/၁ မိုင် ပေါ်တွင် ၁၂ ပေ တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တင်ဒါအောင်ကုမ္ပဏီ တာဝန်ခံအင်ဂျင်နီယာများမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုရှင်းလင်တင်ပြခဲ့ရာ အဆိုပါလုပ်ငန်းများနှင့်ပါတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အချိန်မီ ပြီးစီးရေး၊ သတ်မှတ်ပုံစံ အတိုင်းဆောင်ရွက်ရေး၊ လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်း ပြည့်မှီစေရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။ 
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ်အတွင်းကျေးရွာချင်းဆက်လမ်းများ ဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ ဖြိုးရေးလုပ်ငန်း များဖြစ်သည့် ကျောက်လမ်း(၁) မိုင်၊ ကွန်ကရစ်လမ်း ၁/၂.၄မိုင်၊ အမာခံလမ်း၄/၀ မိုင်၊ ကွန်ကရစ်တံတား ၁၀၀ ပေ တံတား ၁ စင်း၊ ၁၀ ပေတံတား ၁ စင်း၊ ၁၂၀ပေတံတား  ၁ စင်း၊ ၃၀ ပေတံတား ၁  စင်း၊ ၁၂ ပေ တံတား ၁ စင်းတို့အား ခွင့်ပြုရန်ပုံငွေကျပ် ၁၀၆၉ဒသမ၇၁၆ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီး စီးလျက်ရှိကြောင်း သိရှိရပါသည်။
    ဆက်လက်၍ ဧပြီလ ၃၀ ရက်နေ့နံနက်ပိုင်းတွင် ထားဝယ် - လောင်းလုံ - သရက်ချောင်း မြို့များသို့ သောက်သုံးရေ ဖြန့််ဝေနိုင်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအား သွားရောက် လေ့လာကြည့်ရှုခဲ့ရာ တိုင်းစည်ပင်သာယာရေးညွှန်ကြားရေးမှူးမှ လုပ်ငန်းများဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါသည်။
    ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဝန်ထမ်းများနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်စက်မှုလက်မှုသင်တန်းကျောင်း(ထားဝယ်)ရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ထားရှိအပ်သည့် နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာဖြင့် နိုင်ငံတော်အပေါ်သစ္စာရှိရှိ တာဝန်ထမ်းဆောင်ရန်လိုကြောင်း၊ လေ့ကျင့်သင်ကြားပေးသည့် နည်းပြများအနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်ကြားပေးမှုအပြင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေရေးအတွက် သင်ကြားပေးရန်လိုအပ်ကြောင်း၊ နည်းပြများ နေဖြင့်လည်း ဘာသာရပ်ဆိုင်ရာများကို စဉ်ဆက်မပြတ် လေ့လာရန်လိုကြောင်း၊ မိမိတို့ကိုယ်တိုင် ပညာရပ်ပိုင်းပြည့်စုံမှသာ သင်တန်းသားများကို ထိရောက်စွာ သင်ကြားပြသနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းကျောင်းဝန်းအတွင်းနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မှုအခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ်မြို့မှ ဆက်လက်ထွက်၍ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းသီလာကျေးရွာအုပ်စုရှိ မဒေါလမ်းဆုံ-သပြုပြင် ကျေးရွာချင်း ဆက်လမ်း ၅/၀ မိုင် အနက် အပြီးသတ် ကျောက်လမ်း ၃/၀ မိုင် ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ယင်းလမ်း ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက် လိုအပ်သည့် Box Culvertများနှင့် တံတားများ ထပ်မံဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည် ဆက်လက်၍ မြိတ်မြို့မှကျွန်းစုမြို့သို့ ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကမ်းဇော်တောဆည်ရေတားတမံ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် အေးရိပ်ငြိမ် တစ်ဖက်ပိတ်ဆည် အဆင့်မြင့်တင် ဆောက်ရွက်ခဲ့မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးသည် မေလ ၁ ရက်နေ့နံနက်ပိုင်းတွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ မော်တုံးကြီး-တောင်သုံးလုံး ကျေးရွာချင်းဆက်လမ်း ၁၁/၀ မိုင် အနက်  မြေသားလမ်း ၄/၀ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် သံကူကွန်ကရစ် ၃၀ ပေ တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြိတ်မြို့သို့ ဆက်လက် ထွက်ခွာ၍ မြိတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဝန်ထမ်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး ပညာသင်တန်းကျောင်းရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး အိမ်တွင်းမှု သင်တန်းကျောင်းဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph