နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့၏ နဝမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှုးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့၏နဝမ အကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီး ဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

  ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် အခမ်းအနားတက်ရောက်လာသည့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို  ဖွင့်လှစ်ပြီး ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပါသည်။

     ထို့နောက်ဆရာတော်၊ သံဃာတော်များထံ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နှင့်ဇနီးဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားတော်များ နာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

     အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နှင့်ဇနီး ဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ် နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။