နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရောဂါ ဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၈

          နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ချောင်းဆိုး၊ ရင်ကြပ်ရောဂါဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် နန်းယွန်း မြို့နယ်၊ ရန်နောနုတ်ညိုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

          အဆိုပါအခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက အိမ်ခြေ (၉၈)အိမ်၊ လူဦးရေ (၆၁၃)ဦး အတွက် မုံရွာစောင် (၂၄၉)ထည်၊ အနွေးထည်(အင်္ကျီ၊ဘောင်းဘီ) (၆၁၃)စုံ၊ အာဟာရနို့မှုန့်ဗူး (၈၈)ဗူး စုစုပေါင်းကျပ်သိန်း(၅,၉၄၀,၇၀ဝိ/-)အား စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်နှင့် နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်တို့က ထောက်ပံ့ပေးအပ်ခဲ့သည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်းယွန်းမြို့နယ်၊ ရှမ်ဟဲနုတ်ညိုကျေးရွာအုပ်စု၊ လန်းပန်းကျေးရွာရှိ ဒေသခံပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများကို (၁၃-၉-၂၀၁၈)ရက်နေ့တွင် ပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ် ခဲ့ပြီး ယခုထောက်ပံ့မှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။