နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရောဂါဖြစ်ပွားခဲ့သောကျေးရွာများရှိ ဒေသခံပြည်သူများအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်

နေပြည်တော် ဧပြီ ၁၈
          နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ရောဂါဖြစ်ပွားခဲ့သော ရန်နောနုတ်ညိုကျေးရွာနှင့် ရန်နောဆန်ရီကျေးရွာတို့ရှိ ဒေသခံ ပြည်သူများအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို (၁၂-၄-၂၀၁၉) ရက်နေ့ တွင် ရန်နောနုတ်ညိုကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့သည်။
    အဆိုပါအခမ်းအနားတွင် နယ်စပ်ရေးရာ၀န်ကြီးဌာနက ကျေးရွာ(၂)ရွာရှိ အိမ်ခြေ (၁၄၇)အိမ်၊ လူဦးရေ (၈၆၅) ဦးတို့အတွက် စုစုပေါင်း ဆန်အိတ်(၁၄၇)အိတ် တန်ဖိုးငွေကျပ်(၈,၇၆၃,၀၀ဝိ/-)အား လဟယ်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးဆောင်သော အဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။