နယ်စပ်ရေးရာဝန်ကြီးဌာနက မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် ရေဘေးသင့် အခြေခံပညာကျောင်းများ၏ အဆောက်အဦပျက်စီးမှု ပြန်လည်ထူထောင်ရန် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ သြဂုတ် ၂၈

          နယ်စပ်ရေးရာဝန်ကြီးဌာနက မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် ရေဘေးသင့် အခြေခံပညာကျောင်းများ၏ အဆောက်အဦပျက်စီးမှု ပြန်လည်ထူထောင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်း၊ မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးဇော်လင်း၊ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ခံညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ခံညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်အတွင်း ရေဘေးသင့်အခြေခံ ပညာကျောင်းများ၏ အဆောက်အဦပျက်စီးမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းမှ ထောက်ပံ့ငွေများပေးအပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ  ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၃၀,၀၀၀,၀၀ဝိ/-) နှင့် ရေဘေးသင့် အခြေခံပညာကျောင်းများ၏ အဆောက်အဦပျက်စီးမှု ပြန်လည်ထူထောင်ရန်အတွက် ငွေကျပ် (၂၃,၂၄၄,၀၀ဝိ/-) စုစုပေါင်းငွေကျပ် (၅၃,၂၄၄,၀၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။