နယ်စပ်ရေးရာဝန်ကြီးဌာနက သောက်သုံးရေ ဖူလုံစေရေးအတွက်ကျေးရွာများသို့ ရေလှူဒါန်း

နေပြည်တော် ဧပြီ ၂၄
     နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ တောင်သာကျေးရွာနှင့် မင်းဒင်ကျေးရွာတို့တွင် သောက်သုံးရေ ဖူလုံစေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရေသွားရောက်လှူဒါန်းခဲ့သည်။
     ထိုသို့လှူဒါန်းရာတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် တောင်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဦးဆောင်၍ တောင်သာကျေးရွာသို့ ရေဂါလံ (၄၀၀၀) နှင့် မင်းဒင်ကျေးရွာသို့ ရေဂါလံ (၂၀၀၀)၊ စုစုပေါင်း ရေဂါလံ (၆၀၀၀) ကို အိမ်ထောင်စုအလိုက် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ပါသည်။
    ဆက်လက်၍ ဥတ္တရသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များအတွင်းရှိ ကျေးရွာများသို့လည်း သောက်သုံးရေ ဖူလုံစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရေများ ပေးဝေလှူဒါန်းသွားမည်ဖြစ်ပြီး ယမန်နှစ်ကလည်း ကျေးရွာ (၆) ရွာသို့ ရေဂါလံ (၅၀၀၀၀) လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph