နယ်စပ်ရေးရာဝန်ကြီးဌာနမှ မောင်တောမြို့နယ်အတွင်း ကွန်ကရစ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိ

မတ်လ  ၂၆  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု  ရန်ပုံငွေကျပ် ၂၅၅ ဒသမ ၄၈၆ သန်းဖြင့် မောင်တောမြို့နယ်၊ ခရေမြိုင် (နတလ) ကျေးရွာမှ မောင်တော - အလယ်သံကျော် ကားလမ်းအထိ ကွန်ကရစ်လမ်း ၅၁၅၀ ပေ ခင်းခြင်းနှင့် ၆ ပေ Box Culvert ၁ စင်း တည်ဆောက် ခြင်းလုပ်ငန်းများအား ယနေ့ နံနက်ပိုင်းတွင် မောင်တော ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဝင်းနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အဆိုပါ လမ်းလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပါက ခရေမြိုင် (နတလ) ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုကာ မောင်တော - အလယ်သံကျော်လမ်းမှတစ်ဆင့် ထပ်မံပြီး မောင်တော မြို့သို့ ရာသီမရွေးသွားလာနိုင်တော့ မည်ဖြစ်ကြောင်းသိရှိရပါသည်။