နယ်စပ်ရေးရာဝန်ကြီးဌာနမှ နေပြည်တော် ကောင်စီနယ်မြေအတွင်း နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ရေပေးဝေလှူဒါန်းခြင်း

နေပြည်တော်၊ မေ ၁၁
    နယ်စပ်ရေးရာဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေရာသီရေရှားပါး သည့် ကျေးရွာများသို့ ဂါလန် ၂၀၀၀ ဆံ့ရေသယ်ယာဉ်ဖြင့် ရေလှူဒါန်းလျက်ရှိရာ (၇-၅-၂၀၁၈) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် ဖတ်တဲကုန်းကျေးရွာအား ရေဂါလန် (၂၀၀၀) နှင့် ညောင်ကုန်းကျေးရွာအား ရေဂါလန် (၂၀၀၀)၊ (၈-၅-၂၀၁၈) ရက်နေ့တွင် ဇေယျာသီရိမြို့နယ် ချောင်းဖျားကျေးရွာအား ရေဂါလန် (၂၀၀၀) နှင့် စက်ကုန်းကျေးရွာအား ရေဂါလန် (၂၀၀၀)၊ (၉-၅-၂၀၁၈) ရက်နေ့တွင် ပျဉ်းမနားမြို့နယ် တောင်သာကျေးရွာအား ရေဂါလန် (၄၀၀၀)၊ (၁၁-၅-၂၀၁၈) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် ဖတ်တဲကုန်းကျေးရွာအား ရေဂါလန် (၂၀၀၀) နှင့် ညောင်ကုန်းကျေးရွာအား ရေဂါလန် (၂၀၀၀)၊ စုစုပေါင်းရေဂါလန် (၁၆၀၀၀) အား လှူဒါန်းဖြန့်ဝေပြီး မိုးမကျမီကာလအထိ ရေရှားပါးကျေးရွာများသို့ ဆက်လက်လှူဒါန်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။