နယ်စပ်ရေးရာဝန်ကြီးဌာနမှ သောက်သုံးရေများလှူဒါန်း

နေပြည်တော်၊ ဧပြီ ၂၇
       နယ်စပ်ရေးရာဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေရာသီရေရှားပါးသည့်  ကျေးရွာများသို့ ဂါလန် (၂၀၀၀) ဆံ့ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ လှူဒါန်းလျက်ရှိရာ  (၂၄-၄-၂၀၁၈) ရက်နေ့ တွင် ပျဉ်းမနားမြို့နယ် တောင်သာကျေးရွာသို့ ရေဂါလန် (၄၀၀၀)၊ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် ဖတ်တဲကုန်းကျေးရွာသို့ ရေဂါလန် (၂၀၀၀)၊ ညောင်ပင်ကုန်းကျေးရွာသို့ ရေဂါလန် (၂၀၀၀)၊ (၂၆-၄-၂၀၁၈) ရက်နေ့တွင် ဇေယျာသီရိမြို့နယ် စက်ကုန်းကျေးရွာသို့ ရေဂါလန် (၂၀၀၀)၊ ချောင်းဖျားကျေးရွာသို့ ရေဂါလန် (၂၀၀၀)၊ (၂၇-၄-၂၀၁၈) ရက်နေ့တွင် လယ်ဝေးမြို့နယ် ပင်သောင်ကျေးရွာသို့ ရေဂါလန် (၆၀၀၀)၊ စုစုပေါင်းရေဂါလန် (၁၈၀၀၀) အား လှူဒါန်းဖြန့်ဝေခဲ့ပြီး မိုးမကျမီကာလအထိ ရေရှားပါးသည့် ကျေးရွာများသို့ ဆက်လက်လှူဒါန်း ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။