ဖယ်ခုံနှင့် ဒီမော့ဆိုမြို့နယ်အား ဆက်သွယ်ပေးသည့် ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ပြီးစီး

ဖယ်ခုံ မေ ၂၀

            နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် အလယ်ကယန်းကျေးရွာအုပ်စုအတွင်းရှိ ဘီစီကုန်-ခေါင်းကိန် (၁၃/၅) မိုင်အနက် (၂/၀) မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် (၅) ပေ Box Culvert ခြောက်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။           

     ယခုဖောက်လုပ်ပေးခဲ့သည့် ဘီစီကုန်-ခေါင်းကိန်လမ်းမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဘီစီကုန်ကျေးရွာမှ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ခူးပရာကျေးရွာနှင့် ထိစပ်လျက်ရှိပြီး အဆိုပါလမ်းဖောက်လုပ်ခြင်းဖြင့် ၎င်းလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာရှစ်ရွာမှ အိမ်ထောင်စု ၂၀၄ စုနှင့် လူဦးရေ ၁၃၈၃ ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကာ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။