ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာချင်းဆက်လမ်းပေါ်မှ တံတားအား ပြင်ဆင်ဆောင်ရွက်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁

            နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသအသီးသီးရှိ လမ်း/ တံတားလုပ်ငန်းများအား နယ်စပ်ဒေသနေပြည်သူများ သွားလာမှုလွယ်ကူမြန်ဆန်စေရေးအတွက် အဓိကထား ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရပါသည်။

          လမ်း/ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နမ့်ဆန်မြို့နယ် လီလုကျေးရွာနှင့် မန်ဝိန်း ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသောလမ်းပေါ်တွင် တည်ဆောက်ထားသော (၉၅' x ၁၂') သစ်သားတံတားမှာ နှစ်ကာလကြာမြင့်ပြီး ကြမ်းခင်းနှင့်တံတားလက်ရမ်းများမှာ ကျိုးပဲ့ပျက်စီးနေ သဖြင့် အသစ်ပြန်လည် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းအား  နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံ ငွေကျပ် (၃၂.၅၀၅) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး၏ (၇၀%) ခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသဖြင့် အဆိုပါတံတားပြုပြင်ပြီးစီးသွားပါက နယ်စပ်ဒေသနေပြည်သူများ အချိန်မရွေး ရာသီမရွေး လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ပါကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။