ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အောက်လွှတ်တော်အမတ်အားလက်ခံတွေ့ဆုံ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အောက်လွှတ်တော်အမတ် Mr. NAKATANI Gen နှင့်               Mr. HAMADA Yasukazu တို့အား ယနေ့မွန်းလွဲ (၂) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သည့် တိုင်ရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်၊ အိန္ဒိယ၊ ဆွစ်ဇာလန်၊ ဂျာမနီ အစရှိသည့် နိုင်ငံများဖြင့်  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အပြင် ကုလသမဂ္ဂနှင့်လက်အောက်ခံ အဖွဲ့အစည်းများ၊ NGOs၊ INGOs အဖွဲ့အစည်းများနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအ‌ရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ဆောင်ရွက်ခဲ့မှု၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။