ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ နယ်စပ်ဒေသလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများနှင့် ဒေသဖွံ့ဖြိုးရေးလမ်းလုပ်ငန်းများ စစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီလ ၁၃
    ကချင်ပြည်နယ်၊   ပူတာအိုမြို့တွင်  ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည်  တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်မှ ကျောင်း၏သင်ကြားမှုဆိုင်ရာနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များ ဆောင်ရွက်ဖြည့်ဆည်း ပေးပြီး အဆင့်မြင့်စက်ချုပ်သင်တန်း၊ အခြေခံအိမ်တွင်းမှုစက်ချုပ်နှင့် သိုးမွေးထိုးသင်တန်းတို့တွင် တက်ရောက် နေသော သင်တန်းသူများ၏ သင်ကြားလေ့ကျင့်နေမှုများအား ကြည့်ရှု့အားပေး၍ သင်တန်းသူ အိပ်ဆောင်နှင့် စားရိပ်သာတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပြုစုလေ့ကျင့်သင်ကြားပေးလျက်ရှိသော ပူတာအိုမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာ ကျောင်းအုပ်မှ သင်တန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ ကျောင်း၏အုပ်ချုပ်ရေး၊ ဝန်ထမ်း များ၏ သက်သာချောင်ချိရေးကိစ္စရပ် တင်ပြချက်များအပေါ် လိုအပ်ချက်များအား ပြည်ထောင်စုဝန်ကြီးမှ ဖြည့်ဆည်းပေးခဲ့ပြီး ကျောင်းအုပ်၊ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ဒေသ၊ ပြည်နယ်၊ နိုင်ငံတော်အတွက် အားကိုး အားထားပြုရမည့် နောင်တစ်ခေတ်၏ နိုင်ငံသားကောင်း သမီးကောင်း ရတနာများဖြစ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အတန်းပညာအပြင် စည်းကမ်း၏တန်ဖိုး အချိန်ကိုတန်ဖိုးထား စနစ်တကျခွဲဝေ အသုံးချမှု ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူများဖြစ်ရေး၊ ကျန်းမာသန်စွမ်း ဖျတ်လတ်အောင် ပြုမူနေထိုင်စေရေး လေ့ကျင့်ဆောင်ရွက်ပေးရေးအပြင် ဘဝတိုးတက်မှု၊ ရင့်ကျက်မှု အတွေးအမြင် ကျယ်ပြန့်စွာ သိရှိနားလည်ဆုံးဖြတ်နိုင်စွမ်းရည်များအတွက် မဖြစ်မနေ လိုအပ်တဲ့ စာဖတ်ခြင်းအလေ့ အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးကြရန်မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ စားရိပ်သာများကြည့်ရှု့စစ်ဆေးခဲ့ပြီး နယ်စပ်ဒေသနေ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသလူငယ်များ ပိုမိုလက်ခံ သင်ကြားပေးနိုင်ရေးအတွက် ဆောက်လုပ်လျက်ရှိသော ကျောင်းသား (၃)ထပ် အိပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ယူဆောင်ရွက်လျက်ရှိသောကုမ္ပဏီ၏ အင်ဂျင်နီယာမှ တည်ဆောက်ရေးဆိုင်ရာအချက်များကို ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ အိမ်တွင်းမှုသင်တန်းသူများနှင့်အတူ နေ့လည်စာ အတူစားသုံးခဲ့သည်။ ထို့နောက်ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီရေခဲတောင်သို့ သွားရောက်နိုင်မည့် အထက်ရှန်ခေါင်-ဝါဆာဒမ်း-နမ်ရိုထု-ဇီယာဒမ်း မြေသားလမ်း ဆောင်ရွက်ရန် (၂၂) မိုင်အနက် ဆောင်ရွက်ပြီးစီးနေသော မြေသားလမ်း (၁/၇)မိုင်အား ကြည့်ရှု့စစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး ဌာန၏ ၂၀၁၈-၂၀၁၉ (ပထမ(၆)လ) ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်နေသော ပူတာအို-နမ်ထွမ်ခူး ကျောက်လမ်း(၇/၄)မိုင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ပြီး တာဝန်ယူ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းတာဝန်ခံမှ တည်ဆောက်ရေးဆိုင်ရာ အချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို မော်တော်ယာဉ်ဖြင့် လိုက်လံကြည့်ရှု့ခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာ အုပ်စုနှင့် မကပ်မုန်ကျေးရွာအုပ်စု ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း၊ လန်းတောင် ကျေးရွာအုပ်စုမှ မာမိန်ကျေးရွာနှင့် မာမိန်ရှီးဒီကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက် များနှင့် ဇီးအွန်-လန်းတောင်ကျောက်လမ်း ဆောင်ရွက်ပြီးမှု အခြေအနေများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရေရှည်တည်တံ့မည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး စီမံကိန်းများကို ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

Post Paragraph