ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ သံအမတ်ကြီး H.E Mr. Paul R.Seger လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၂၅ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Paul R.Seger သည် ယနေ့နေ့လည် (၁၁) နာရီအချိန်တွင် လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ Swiss Agency for Development and Cooperation (SDC) အဖွဲ့ မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းမှ တဖက်နိုင်ငံသို့ နေရပ်စွန့်ခွာပြောင်းရွေ့သူများအား ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ဆွစ်ဇလန်နိုင်ငံက မြန်မာနိုင်ငံအတွက် ၂၀၁၉-၂၀၂၃ ခုနှစ် (၅)နှစ် တာကာလအတွက် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာစီမံကိန်း တစ်ရပ်ကို ရေးဆွဲနေသည့် အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် SDC တို့ပူးပေါင်း၍ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်များတွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။
     အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။